4,52 Tsd.+ Bewertungen
100 Tsd.+Installationen
73 MBGröße
1.6.0Version

Bester Kampf Königs 2018 Krieg Handy-Spiel.

Aktuelle Version

Version
Aktualisieren
18.04.2018
Entwickler
Kategorie
Google Play ID
Installationen
100.000+

Werbung

App-APKs

Wushu King - ThineBayin GAME

သိုင်းဘုရင် - 2018 မှာထွက်မယ့် အကောင်းဆုံးဗျူဟာခင်းမိုဘိုင်းဂိမ်း။ ဗျတ်ဝိ၊ ရန်ကော်၊ ကောကျင့်၊ ချောင်ဖန်း၊ ကျန်းဝူကျိ.. စတဲ့ နာမည်ကျော်ဟီးရိုးတွေကိုခေါ်ယူပြီး အကောင်းဆုံးအဖွဲ့ဖွဲ့ရင်း သိုင်းလောကမှာ စွန့်စားခန်းဖွင့် အောင်ပွဲတွေရယူမယ်။
ဂိမ်းတွင်းအဓိကလုပ်ဆောင်ချက်များ -
ရွေးချယ်စရာဟီးရိုးအယောက် 100 ကျော် - နာမည်ကျော်ဟီးရိုး 100 ကျော်ကိုခေါ်ယူပြီး အကောင်းဆုံးအဖွဲ့ဖွဲ့မယ်။ မြန်မာသူရဲကောင်းဖြစ်တဲ့ ဗျတ်ဝိကိုလည်း ရွေးချယ်ဖြစ်အောင်ရွေးချယ်ပြီး နယ်မြေသစ်တွေကို အထာကျကျသိမ်းပိုက်မယ်။
တစ်ချက်တည်းနဲ့ အနိုင်ယူ - ကိုယ်ပိုင်အဖွဲ့ဖွဲ့၊ ပါဝါတိုးအောင်လုပ်ပြီး ရန်သူတွေကို တစ်ချက်တည်းနဲ့ အပီဖြိုလှဲမယ်။
သိုင်းလောကက စိတ်လှုပ်ရှားစရာ စွန့်စားခန်း - ကိုယ့်ရဲ့ငယ်ဘဝမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ သိုင်းဇာတ်လမ်းတွေထဲက နာမည်ကြီးဟီးရိုး အစုံအလင်ပါဝင်တော့ ဒီထက်ကောင်းတာ ဘာရှိဦးမလဲ။
အကောင်းဆုံးဗျူဟာခင်းနိုင်လေ အင်အားကြီးလေ - သိုင်းဘုရင်ဂိမ်းရဲ့ သိုင်းလောကထဲမှာ ပါဝါရှိဖို့က အရေးကြီးတယ်ဆိုပေမယ့်လည်း အောင်ပွဲရဖို့အတွက်တော့ ဗျူဟာက အဓိကသော့ချက်ပဲ။ ကွဲပြားခြားနားတဲ့စွမ်းရည်မျိုးစုံပိုင်ဆိုင်တဲ့ ဟီးရိုး 100 ကျော်မှာ ဟီးရိုးတစ်ယောက်ချင်းစီကလည်း တရင်းတနှီးရှိကြတဲ့သူတွေမို့ သူတို့တွေရဲ့ ပတ်သက်မှုပုံစံကို အားလုံးသိထားမယ်ဆိုရင် ကိုယ့်အဖွဲ့ကို အင်အားပိုတောင့်အောင် လုပ်ဆောင်နိုင်မှာအမှန်ပဲ။
သူငယ်ချင်းတွေနဲ့အတူ အင်အားကြီးဂိုဏ်းထူထောင် - သူငယ်ချင်းတွေနဲ့အတူ ဂိုဏ်းထောင်ပြီး ရန်သူတွေကို အတူတကွတိုက်ခိုက်မယ်။ ဘော်ဒါတွေနဲ့ဆိုတော့ ဂိမ်းကစားရတာလည်း ပိုပျော်စရာကောင်းတာပေါ့။ ကိုယ်သာ ဂိုဏ်းသားတစ်ယောက်ဖြစ်မယ်ဆိုရင် သိုင်းဘုရင်ဂိမ်းကနေ ကိုယ့်အတွက် အကျိုးခံစားခွင့်တွေ အများကြီးရမှာပါ။ ဒါ့အပြင် အမိုက်စား 2D Chibi ဂရပ်ဖစ်ဒီဇိုင်းနဲ့ အရမ်းလန်းတဲ့ စွမ်းရည်လုပ်ဆောင်ချက်တွေက သင့်ကို စိတ်ကျေနပ်စရာသိုင်းလောကထဲ ခေါ်ဆောင်သွားမှာ အသေအချာပဲ။
ကဲ အခုဆိုရင် နာမည်ကျော်ဟီးရိုးအားလုံးက သင့်အတွက်တိုက်ခိုက်ပေးဖို့ အသင့်ဖြစ်နေကြပြီ။ ကိုယ့်အဖွဲ့အတွက် အကြိုက်ဆုံးဟီးရိုးကိုရွေးချယ်ပြီး သိုင်းလောကကို အခုပဲကြီးစိုးနိုင်ပြီ။ ဒီတော့ ဘာလိုသေးလဲ? မြန်မာ့သိုင်းကိုကစားရင်း သိုင်းဘုရင်ဘွဲ့ကို အမြန်ဆုံးရယူလိုက်ကြရအောင်လေ...။
Fanpage:https://www.facebook.com/WushuKingThineBayin/
Website: www.wushuking.com
Weitere Informationen