Padee APP
ရိုးရှင်းသန့်ရှင်းပြီး စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သော ဒီဇိုင်းဖြင့် ပြုလုပ်ထားသောကြောင့် မည်သည့်နေရာတွင်မဆို ပုတီးအလွယ်တကူ စိပ်နိုင်စေရန် ကူညီပေးပါသည်။
အဓိက ပါဝင်သော လုပ်ဆောင်ချက်များ -
📿 ပုတီးလုံးရေ စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း
မိမိစိပ်လိုသော အလေ့အထအရ ၉ လုံးပုတီး၊ ၂၇ လုံးပုတီး နှင့် ၁၀၈ လုံးပုတီး စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။
🎯 ရည်မှန်းအပတ်ရေ သတ်မှတ်နိုင်ခြင်း
မိမိစိပ်လိုသော အပတ်ရေကို ကြိုတင်သတ်မှတ်ထားနိုင်ပြီး သတ်မှတ်ထားသော ပတ်ရေပြည့်မြောက်ပါက "သာဓု သာဓု သာဓု" ဂုဏ်ပြုသတိပေးချက်ကို ကြည်နူးဖွယ် ဖော်ပြပေးပါသည်။
📳 တုန်ခါမှုဖြင့် အသိပေးခြင်း (Vibration Feedback)
ပုတီးတစ်လုံးစိပ်တိုင်းနှင့် အပတ်ရေပြည့်မြောက်တိုင်းတွင် ဖုန်းမျက်နှာပြင်ကို ကြည့်စရာမလိုဘဲ တုန်ခါမှုစနစ်ဖြင့် အသိပေးသောကြောင့် အာရုံစူးစိုက်မှုကို ပိုမိုရရှိစေပါသည်။
🇲🇲 ဘာသာစကားနှစ်မျိုး အသုံးပြုနိုင်ခြင်း
မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံးကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပါသည်။
🔒 အင်တာနက်မလိုဘဲ လုံခြုံစွာ အသုံးပြုနိုင်ခြင်း
• အင်တာနက် (Internet) လုံးဝ မလိုပါ
• အကောင့်ဖွင့်ရန် မလိုအပ်ပါ
• မည်သည့်ကြော်ငြာမှ မပါဝင်ပါ
• အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို လုံးဝ (လုံးဝ) ရယူစုဆောင်းခြင်း မရှိပါ
နေ့စဉ် ဘုရားဝတ်ပြု ကုသိုလ်ယူရာတွင် အဆင်ပြေလွယ်ကူစေရန် ပုတီး (Padee) ကို အခုပဲ စတင်အသုံးပြုလိုက်ပါ။
ver f1 